စစ်တွေ မေ ၆
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်မီးသတ်ဦးစီးဌာန၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပ သည့် အခမ်းအနားတွင် ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က (၇၅) နှစ်မြောက်စိန်ရတု အထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အတွက် ဂုဏ်ပြုမိန့်ခွန်း ပြောကြားပြီး ထူးချွန်းမီးသတ်တပ်ဖွဲ့ဝင်များအား ညွှန်ကြားရေမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် (၇၅)နှစ် မြောက်စိန်ရတု အထိမ်း အမှတ် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ဂုဏ်ပြု ဗွီဒိယိုတမ်းအားပြသသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ၂၀၁၉ ခုနှစ် မီးလောင်မှုမှာ ၁၁၀ ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၉၀ ကျော်ခန့် ရှိကြောင်း၊၂၀၂၀ ပြည့်နှစ် မီးလောင်မှုမှာ ၈၁ ကြိမ်၊ ဆုံးရှုံးမှုတန်ဖို့ ကျပ်သန်း ၇၀ ကျော်ခန့်ရှိကြောင်း သိရသည်။
ဝင်းမင်းစိုး