ပေါက်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
May 06,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင် ဧပြီ ၂၉ ရက်နေ့က လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အချို့ အမိုးလံပျက်စီးခဲ့ရသော ဒေသခံ ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မေလ ၄ ရက် ညနေ ၃ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပေါက်ပင်ခန်းမ၌ ကျင်းပသည်။