ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာတွင် ဆဌမအကြိမ်မြောက် မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး
May 05,2021
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင် ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆဌမအကြိမ်မြောက် မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို မေ ၄ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ သည်။