သတင်းများ

ငဖဲမြို့နယ်၌ နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧကစိုက်ပျိုးပြီးစီး
May 06,2021
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံ ဆည်နှင့် ရင်းရှည်ဆည်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၁၁၅၀ ဧကလျာထားခဲ့ရာ ယနေ့တွင် နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရုံးမှ သိရသည်။
မြောက်ဦးမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း နှင့် အသက် နှစ်လမှတစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
May 06,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အသက်နှစ်လမှတစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များက ယနေ့ နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့ပေါ်ရပ်ကွက် များဖြစ်သော တောင်ရပ် ရပ်ကွက်၊ ညောင်ပင်ဈေးရပ်ကွက်နှင့် ကျောက်ရာဇ် ကေ ရပ်ကွက်များရှိ သတ်မှတ်ထားသော စုရပ်နေရာများ၌ ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးလျှက်ရှိကြောင်းသိရ သည်။
မိုင်းဆတ်မြို့၌ မယ်ဆတ်ဆည်လက်ဝဲမြောင်း ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်
May 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လယ်မြေ(၃၆၁)ဧကအား ရေပေးဝေလျက်ရှိသည့် မယ်ဆတ်ဆည်လက်ဝဲမြောင်းနံရံများပျက်စီးနေခြင်းကြောင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
May 06,2021
(၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာရှိ မြို့ဦးဘုန်ကြီးကျောင်းတွင် ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ "ထ"ကန် သံဘောင်ကွန်ကရစ် တံတား ဆောက် လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
May 06,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် မင်းလှမြို့ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ "ထ"ကန် သံဘောင်ကွန်ကရစ်တံတား ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိတို့က ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီ အိုင်ကီဒို နှင့် ကရာတေးဒို သင်တန်းဆင်းပွဲကျင်းပ
May 06,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီ အိုင်ကီဒိုနှင့် ကရာတေးဒို သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီ အချိန် မြို့မအားကစားရုံတွင် ပြုလုပ်ခဲ့ ကြကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် (၇၅) နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
May 06,2021
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၌ ယခုလ ၅ ရက်နေ့တွင် ကျရောက်သည့်(၇၅) နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ကျင်းပ ပြုလုပ်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ (မြို) ၊ သက် တိုင်းရင်းသား(၉၄)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက် ထုတ်ပေး
May 06,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစုံ ဝေး လံ ခေါင် ဖျား သော တပ်ချောင်း ကျေးရွာအုပ်စု၊ ၊ဒုံးညို ၊ရွှေတိုင်၊ တပ်ချောင်း ကျေးရွာများမှ (မြို) ၊ သက် တိုင်းရင်းသားများအား မေ ၄ ရက်နေ့မှ စတင်ကာ နံနက် ၉ နာရီ စတင်ကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို အဆိုပါရုံးတွင် ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။