သတင်းများ

ကျောက်မဲမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံမှု ဆက်လက်လက်ခံ
May 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု သီတင်းပတ်၏ ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့၊ နောင်ပလိန်ကျေးရွာ ဣစ္ဆာသယသဘာဝလိုဏ်ဂူတော် ဣစ္ဆာသယနဝရတ်စေတီတော် ရွှေထီးတော်တင်လှူပွဲအခမ်းအနားကျင်းပ
May 26,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၊ နောင်ပလိန်ကျေးရွာ ဣစ္ဆာသယလိုဏ်ဂူတော် ဣစ္ဆာသယနဝရတ်စေတီတော် ထီးတော်တင်လှူပွဲကို ယမန်နေ့ နံနက်ပိုင်းက ဣစ္ဆာသယလိုဏ်ဂူ ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ၌ ကျင်းပရာ  ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ)ဥက္ကဋ္ဌ အမိတာရာမရဲကျောင်းဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရ၊ မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ၊ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဓမ္မပါလ၊ ဣစ္ဆာသယသဘာဝလိုဏ်ဂူဆရာတော်ဘဒ္ဒန္တဆန္ဒာဓိက အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်း နှင့် တပ်မတော်အရာရှိ စစ်သည်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ဖူးမျှော်ကြည်ညို၍ ရွှေထီးတော်ကို တင်လှူပူဇော်ခဲ့ကြသည်။
ရေစကြိုမြို့နယ် ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ အ.လ.က ကျောင်းတွင် ပန်းခင်းစီမံချက် ပူးပေါင်းဆောင်ရွက်
May 26,2021
ရေစကြိုမြို့နယ် ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ အ.လ.က ကျောင်းတွင် မေလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပန်းခင်း စီမံချက်ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်သည်။
ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်
May 26,2021
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) တွင် နှစ်စဉ်မြန်မာ့ရိုးရာ အစဉ်အလာ မပျက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ယမန်နေ့ ညနေ ၅ နာရီခန့်က ပခုက္ကူမြို့၊ အမှတ်၁ရပ်ကွက်၊ ဘုရားအနီးရှိ မဟာဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေ သွန်းလောင်းခဲ့ကြသည်။
စုကလိမြို့ အခြေခံပညာကျောင်း၌ ကျောင်းအပ်နှံရေးသီတင်းပတ် စတင်ဆောင်ရွက်
May 26,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် မေလ(၂၄)ရက်နေ့မှစတင်၍ စုကလိမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်၌ ၂၀၂၁ - ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး
May 26,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့‌ဖြိုးရေးဘဏ်မှ ၂၀၂၁ - ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စတင်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရပ်ရွာလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းမွန်စေရေးအတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီးအပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ ကြောင်း သိရ သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့၌ တောင်သူဦးကြီးများအား ၂၀၂၁- ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး
May 26,2021
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူဦးကြီးများအား ၂၀၂၁ - ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက ထုတ်ချေးပေးလျက်ရှိသည်။