ရေစကြိုမြို့နယ် ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ အ.လ.က ကျောင်းတွင် ပန်းခင်းစီမံချက် ပူးပေါင်းဆောင်ရွက်

ရေစကြို မေ ၂၆

ရေစကြိုမြို့နယ် ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ အ.လ.က ကျောင်းတွင် မေလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပန်းခင်း စီမံချက်ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်သည်။

ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက ဇီးတောကျေးရွာအ.လ.ကကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကျောင်းနေအရွယ်အသက် ၁၀ နှစ်အထက် ကျား/မ စုစုပေါင်း ၁၂ ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ နွယ်လေး