စုကလိ မေ ၂၆
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် မေလ(၂၄)ရက်နေ့မှစတင်၍ စုကလိမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးစည်းမျဉ်းစည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုလုံးဝမရှိ ကြောင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းနှင့် မျက်နှာအကာ (FaceShield) တို့ကိုလည်း အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
စုကလိမြို့တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် မေလ (၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ကာ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုပိုအောင်(ပြန်/ဆက်)