ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

 

ပခုက္ကူ မေ ၂၆

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) တွင် နှစ်စဉ်မြန်မာ့ရိုးရာ အစဉ်အလာ မပျက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ယမန်နေ့ ညနေ ၅ နာရီခန့်က ပခုက္ကူမြို့၊ အမှတ်၁ရပ်ကွက်၊ ဘုရားအနီးရှိ မဟာဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေ သွန်းလောင်းခဲ့ကြသည်။

ညောင်ရေသွန်းပွဲတော်အခမ်းအနားသို့ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဝတ်အသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများက မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။ အလားတူ ပခုက္ကူမြို့ပေါ်ရှိဘုရား၊ ဘုန်းကြီးကျောင်းများအတွင်းရှိ ဗောဓိညောင်ပင်များအား ဒေသခံပြည်သူများက ညောင်ရေသွန်းလောင်းကြကြောင်း သိရသည်။ ဇော်(အဝေးသင်)