ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်း သရုပ်ပြပွဲပြုလုပ်
May 27,2021
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေ၀င်း ဦးဆောင်၍ ပုသိမ်မြို့ ကန်သာယာကွင်း ရေပြင်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။