စစ်တွေ မေ ၂၆
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူဦးကြီးများအား ၂၀၂၁ - ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက ထုတ်ချေးပေးလျက်ရှိသည်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲမန်နေဂျာ ဦးအေးသိန်းက ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၂၆ ရက်နေ့မှစတင်ကာ စက်တင်ဘာလ ၃၀ ရက်နေ့ထိ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်းနှင့် တောင်သူလယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေ များအချိန်မီပြေ ကျေစွာပေးဆပ်ပြီး နောက်ချေးငွေသစ် ထပ်မံရယူခြင်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားပြီး ခရိုင် ဘဏ်ခွဲမန်နေဂျာ ဦးရထွန်းက ချေးငွေများထုတ်ချေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ စစ်တွေမြို့နယ် သင်္ဂနက် ကျေးရွာအုပ်စု ဘဏ်အတွင်းရေးမှူးက ချေးငွေ များထုတ်ချေးခြင်း အပေါ်ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ထို့နောက် ခရိုင် ဘဏ်ခွဲ မန်နေဂျာနှင့်ဝန်ထမ်းများက တောင်သူဦးကြီးများအား ချေးငွေများထုတ်ချေးပေးကြသည်။
အဆိုပါချေးငွေထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့ အနေဖြင့် သင်္ဂနက်ကျေးရွာအုပ်စုမှ တောင်သူ ၂၈ ဦးအား လယ်ဧက ၁၂၀ ဧကအတွက် ချေးငွေ သိန်း ၁၈၀ ကိုထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း