သတင်းများ

မိုင်းယောင်း၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်
May 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယသုံးလပတ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့အတွက် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်၃၀၀၀ဝိ/- (သုံးသောင်း တိတိ)ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူမှ ဘိုးဘွားများ၏အိမ်သို့ သွားရောက်ပြီး ဂါရဝပြုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
May 27,2021
ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် မေ၂၆ ရက် ညနေ ၃နာရီခွဲက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ်၊တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူနှင့်ထိစပ်ပြီး အနံ့ပျောက်သူ (၁၄)ဦးအား RDT-Test kit ဖြင့်စစ်ဆေးရာ(၇)ဦးရောဂါပိုးအတည်ပြုတွေ့ရှိ
May 27,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊တကူ(စံပြ)တိုက်နယ်ဆေးရုံ၌ မေလ(၂၅)ရက်နေ့က ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ (၁၇)နှစ်အရွယ်အမျိုးသမီးနှင့်ထိစပ်ပြီး အနံ့ပျောက်နေသူအမျိုးသမီး(၁၄)ဦးအား တကူ(စံပြ) တိုက်နယ် ဆေးရုံ တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်မှဦးဆောင်ကြီးကြပ်၍ ဓါတ်ခွဲ ကျွမ်းကျင်(၄) ဒေါ်စုမြတ်မွန် မှ မေလ ၂၆ရက်နေ့၊ မွန်းလွှဲ၁နာရီက Covid-19 Antigen Rapid Test (RDT)ဖြင့် သီးသန်ဆောင် အတွင်း စစ်ဆေး ပေးရာ အမျိုးသမီး(၇)ဦး မှာ Covid -19 ရောဂါပိုး အတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး
May 27,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများအတွက်  ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိ ကြောင်းသိရသည်။
ဝေါမြို့နယ်တွင် ၂၀၂၁မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 27,2021
စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဝေါမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ နိုင်ငံတော်အတွင်း လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ နိုင်ငံသားများ၏စားနပ်ရိက္ခာ ဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာစျေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုစရိတ်ချေးငွေများအား ယမန်နေ့ နံနက်ပိုင်းက ၂၀၂၁ မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများထုတ်ချေးခြင်း အခမ်းအနားကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
May 27,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ဘားအံမြို့တွင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားနှင့် ကဆုန်ညောင်ရေသွန်းပွဲကျင်းပ
May 27,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဓမ္မဝါသီကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော် မူသော ကမ္ဘာ့ကပ်ကျော် အောင်တော်မူစေတီတော်နှင့် အတုလဓမ္မာဘိသေကသိမ်တော်ကြီး၊ အထက(၃)ကျောင်းဝင်းအတွင်း ဆောက်လုပ်လှူဒါန်းထားသော ပညာရောင်ခြည်စာသင်ကျောင်း ဆောင် ရေစက်သွန်းချအလှူတော်မင်္ဂလာအခမ်းအနားကို မေလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဓမ္မဝါသီကျောင်းတိုက် စိန်ရတုဓမ္မဒါယာဒရွှေကျောင်းတော်ကြီး၌ ကျင်းပသည်။
မိတ္ထီလာမြို့၌ ရပ်ကွက်(၆)ခုအား သောက်သုံးရေဖြန့်ဝေပေးသည့် ရေစင်ကြီး အသစ်ပြန်လည် တည်ဆောက်
May 27,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရပ်ကွက် (၆)ခုအား သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ရေစင်ကြီး အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို မေလ ၇ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။