သတင်းများ

ချင်းရွှေဟော်မြို့ ပညာရေးနှင့်ကျန်းမာရေးဌာနများသို့ နှာခေါင်းစည်း(Mask)နှင့် အခြားစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း
May 26,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ဦးဆောင်သည့်အဖွဲ့မှ ယနေ့နံနက် (၁၀)နာရီအချိန် က ချင်းရွှေဟော်မြို့ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းဖြစ်သည့် နှာခေါင်းစည်း (Mask) (၄၀၀၀)ခုနှင့် အခြားစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လျှပ်စစ်အန္တရာယ်ကင်းဝေးရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
May 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူး ပေးနိုင်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
ကွတ်ခိုင်မြို့နယ်တွင် မဟာဘွဲ့နှင်းသဘင်ပူဇော်ပွဲ အခမ်းအနားကျင်းပ
May 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း၌ သီတင်းသုံးနေထိုင်တော်မူကြသော သံဃာတော်(၃)ပါးအား နိုင်ငံတော်အစိုးရမှ (၂၀၂၀)ပြည့်နှစ် ဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုအောင်တော်မူပြီး နိုင်ငံတော်အစိုးရမှ  ပေးပို့ဆက်ကပ်သော သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များအား ဆက်ကပ်လှူဒါန်းခြင်းကို အမှတ်(၈)ရပ်ကွက် တောင်တန်းဒေသ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း(ဗဟို)တောင်တန်း‌ကျောင်း၌  မေလ (၂၄) ရက်နေ့ နံနက် ၉  နာရီ ၃၀ မိနစ် အချိန်က ပူဇော်ပွဲ ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိ
May 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မေလ (၂၄)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း အခြေခံပညာကျောင်း အသီးသီးတွင် သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများနှင့် တန်းပြ ဆရာ၊ ဆရာမများက အခမဲ့ကျောင်းအပ် လက်ခံခြင်းများ ကို အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 26,2021
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန စဉ့်ကူးမြို့နယ်ရုံးမှ  မြို့နယ်ဦးစီးမှူး  ဉီးရွှေဝင်းနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့်  ယနေ့နံနက် ( ၈း၃၀) နာရီက စဉ့်ကူးမြို့ အမှတ် (၁) ရပ်ကွက် ၊ သီလှကျေးရွာနေပြည်သူများ  အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည် ။
ချင်းရွှေဟော်မြို့ ပညာရေးနှင့် ကျန်းမာ​ရေးဌာနများသို့ နှာခေါင်းစည်း(Mask)နှင့် အခြားစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း
May 26,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊   ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသိန်းဇော်ဦး  ဦးဆောင်သည့် အဖွဲ့မှ  ယနေ့ နံနက်(၁၀)နာရီအချိန်က ချင်းရွှေဟော်မြို့ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနများသို့   သွားရောက်၍ ကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်ရေးသုံး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့်  နှာခေါင်းစည်း(Mask) (၄၀၀၀)ခု နှင့်  အခြားစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်မှ အတိုးနှုန်း သက်သာစွာဖြင့် စိုက်ပျိုးစရိတ် ချေးငွေများအား ယနေ့ နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံမြို့နယ်ခွဲရုံးတွင် ဒေသခံတောင်သူများအား စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်များ ကျင်းပ
May 26,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သာသာနာ့နယ်မြေအတွင်းရှိ မဟာဗောဓိညောင်ပင်အား ကဆုန်ညောင်ရည်သွန်းလောင်းပွဲတော် ကျင်းပခြင်းနှင့် ကျေးရွာရပ်ကွက်များတွင် စတုဒီသာကျွေးမွေးခြင်းများကို ယင်းနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ ကြကြောင်းသိရသည်။