ရမ်းဗြဲ ၊ မေ ၂၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ - ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စတင်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ၂၀၂၁ - ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရာတွင် ၂၀၂၀ -ခုနှစ်မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများ ကိုပြန်လည်ပေးဆပ်ခဲ့ကြသည့် ကျေးရွာအုပ်စု (၃) စုမှ တောင်သူ (၃၈) ဦး အတွက် ချေးငွေ ကျပ် ၃၁၃ သိန်း ၅ သောင်း ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ယခုနှစ်တွင် ၂၀၂၀-ခုနှစ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ (၉၀၃၈)ဦးမှ စိုက်ဧက (၃၁၁၅၃) ဧကအတွက် ချေးငွေစုစုပေါင်း ၄၆၇၂၉ . ၅၀ သိန်းကို ထုတ်ချေးပေးခဲ့ရာ ယခုနှစ် တွင်လည်း ယခင်နှစ်အတိုင်း မိုးရာ သီစိုက်ပျိုး စရိတ်ချေးငွေများကိုလျာထားရှိပြီး ၂၀၂၀ -ခုနှစ် ၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပေးဆပ် သည့် ကျေးရွာ၊ အုပ်စုများမှ တောင်သူများကို ယခုနှစ်အတွက် ဆက်လက်ထုတ်ချေးပေးသွားရန် စီစဉ်ထား ရှိကြောင်း သိရသည်။
အောင်နိုင်