သတင်းများ

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့် မီးသတ်တပ်ဖွဲ့ဝင်များ ရေပြင်ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြ တက်ရောက်အားပေး
May 26,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူးရုံး၊ ပုသိမ်မြို့တွင် (၁၇.၅.၂၀၂၁) ရက်နေ့မှ (၂၈.၅.၂၀၂၁) ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည့် ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား(၅၀)ဦးမှ ရေပြင်အသက်ကယ်ဆယ်ရေး နည်းစနစ်များအား ယနေ့ နံနက် ၉ က သရုပ်ပြခဲ့ရာ
မြဝတီမြို့နယ် ဖားချောင်းကျေးရွာတွင် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
May 26,2021
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန် က မြဝတီမြို့နယ် ဖားချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်လှစ်
May 26,2021
ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဖွင့်လှစ်ခြင်းကို  ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
သာစည်မြို့နယ် အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်လျက်ရှိ
May 26,2021
သာစည်မြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ် ပညာသင်ကြားရေးအတွက် မေ ၂၄ ရက်နံနက်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၂၁၈၉ ဦး လာရောက် အပ်နှံပြီး ဖြစ်ကြောင်း သိရသည်။
စုကလိမြို့၌ စာဖတ်ဝိုင်းဆောင်ရွက်
May 26,2021
ပြည်သူများ စာအုပ်စာပေဖတ်ရှုသည့်အလေ့အကျင့်နှင့် စာပေသုတ၊ ရသအကြောင်းအရာများကို အသင်းအဖွဲ့နှင့် ပူးပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာ) ရေးသားသော ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု လက်ခံလျက်ရှိ
May 26,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအသီးသီးတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံလျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဘုရားတွင် ညောင်ရေသွန်းလောင်း
May 26,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေပြည်ဆိပ်ဦးဘုရား ပရိဝဏ်ရှိ ဗောဓိပင်တွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလှူပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။