လက်ပံတန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မေလ ၂၃ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၃)အုပ်စုရှိ ကျေးရွာ(၄)ရွာမှ နေအိမ် ၁ လုံးပြိုလဲ၍ နေအိမ် (၄)လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါ နေအိမ်များမှ ပြည်သူများအတွက် သာယာဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၌ ပေးအပ်ခဲ့သည်။