သတင်းများ

ရေတာရှည်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများအား ၂၀၂၁ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများစတင်ထုတ်ပေး
May 27,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မှ မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများအား ၂၀၂၁ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၂၆ ရက် မနက်ပိုင်းမှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် သမှုန်းပင်(အရှေ့)ကျေးရွာသို့ သောက်သုံးရေဂါလံ(၂၈၀၀) သွားရောက်လှူဒါန်း
May 27,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် သမှုန်းပင်(အရှေ့)ကျေးရွာသို့ ယမန်နေ့နံနက် (၁၀)နာရီ အချိန်ခန့်က သောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် အိမ်ထောင်စု လူဦးရေ စာရင်းများ ထုတ်ပေး
May 27,2021
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံး လဝကမှူးဦးကျော်မျိုးထွန်းနှင့်အဖွဲ့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို မေ ၂၅ ရက်နေ့ မွန်းလွဲ ၁နာရီက မင်္ဂလာဒုံမြို့နယ် အမှတ်(၂) ဆက်သွယ်ရေး အလုပ်ရုံတပ်၏ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
(၁ဝ၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အောင်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်တော် လောင်းလှူ
May 27,2021
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့ရွှေမုဋ္ဌောဘုရား ဘဏ္ဍာတော်ထိမ်း ဂေါပကအဖွဲ့ က ကြီးမှူး၍ (၁ဝ၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အောင်ပွဲ အထိမ်းအမှတ် သံဃဒါန ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီက ဘုရားကြီး၏ မြောက်ဖက်အာရုံခံတန်ဆောင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည် ။
မြို့သစ်မြို့မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အညီ ပင်စင်လစာများထုတ်ပေး
May 27,2021
မကွေးတိုင်းဒေသကြီး ၊မကွေးခရိုင် ၊ မြို့သစ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မေလ ၂၁ ရက်နေ့မှစတင်ပြီး ထုတ်ပေးလျက်ရှိရာ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးဆိုင်ရာလမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာလာရောက်ထုတ်ယူသည့်အငြိမ်းစားဝန်ထမ်းများကို အချိန်နှင့်တ ပြေးညီ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ပုလဲ-အ.ထ.က၌ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအားကြည့်ရှုအားပေး
May 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် “ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ” ဟူသည့် ပညာရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့် အညီ ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၄ရက်နေ့မှ မေ ၃၁ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ( ၁ ) ဒုတိယဗိုလ်မှူးကြီးဝင်းခိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလှထွဋ်နောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်အောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးတို့နှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက ပုလဲမြို့၊အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ ၌၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းများအပ်နှံ
May 27,2021
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း ကျောင်းနှင့် မူလတန်းကျောင်းများ အသီးသီးတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံမှု ရက်သတ္တပတ်ကာလ မေလ ၂၄ ရက်နေ့မှစ၍ ကျောင်းများအပ်နှံလျက်ရှိရာ မေလ၂၆ ရက်နေ့အထိ မူလတန်းအဆင့်(၄၂၄)ဦး၊ အလယ်တန်းအဆင့်(၂၁၇)ဦး၊ အထက်တန်းအဆင့် (၆၉)ဦး ကျောင်းအပ်နှံပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သာယာဝတီမြို့နယ်တွင် စျေးလမ်းနှင့် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန် စေရေး တူးဖော်ရှင်းလင်း
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ စျေးရပ်ကွက်ရှိ စျေးအနီးအနား ပတ်ဝန်းကျင် ရေမြောင်းများနှင့် ရန်ကုန်-ပြည်ကား လမ်းဘေး ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေမြောင်းများတူးဖော်ခြင်း၊ ရေလမ်းကြောင်း ရှင်းလင်းခြင်း လုပ်ငန်းများကို မေ ၂၆ ရက် နံနက်ပိုင်းက သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။