ကျောက်မဲ မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု သီတင်းပတ်၏ ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်မှာ မေ ၂၄ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိဖြစ်ပြီး ကျောင်းလာ အပ်သည့် ကျောင်းသား/သူများထံမှ မည်သည့် အခကြေးငွေ ကောက်ခံခြင်းမရှိသည့်အပြင် ကျောင်းသား/သူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတန်၊ Mask နှင့် Face shield များကို အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၃၁ ကျောင်းရှိပြီး ယနေ့အထိ တစ်မြို့နယ်လုံး ကျောင်းအပ်ပြီးသူပေါင်း ၁၂၃၈ ဦး မြို့နယ်အချုပ် ကျောင်းအပ်ရာခိုင်နှုန်းမှာ ၄.၄၅ ရာနှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)