သတင်းများ

ကုန်စည်ပြပွဲပြသနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး
May 28,2021
မကွေးတိုင်းဒေသကြီးအတွင်း ထွက်ရှိသော ဒေသထွက်ကုန်ပစ္စည်းများနှင့် ပြည်ပတင်ပို့ရန် အလားအလာရှိသော ထုတ်ကုန်များအား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်လမ်းညွှန်မှုဖြင့် ကုန်စည်ပြပွဲ ပြသနိုင်ရေးအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ အကြံပြု ပူးပေါင်းဆွေးနွေးပွဲကို ယမန်နေ့ နေလယ် ၂ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့တွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်
May 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေးနှင့် မြို့သာယာလှပ‌ရေးအတွက် လမ်းများအား အဆင့်မြှင့်တင်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်သန်း(၂၈.၅၀၀)ဖြင့်ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းတွင် ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သနပ်ပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ
May 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီအချိန်က အထက(သနပ်ပင်) ဇီဇဝါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိ
May 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တပိတ်ထားခဲ့ပြီး ယခုအခါ ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ပြည်သူ့စာကြည့်တိုက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကော့၀န်းကျေးရွာနှင့် ပိန္နဲတောကျေးရွာတို့တွင် ယဉ်ကျေးလိမ္မာ/ ဓမ္မစကူးလ် သင်တန်းဆင်းပွဲ ကျင်းပ
May 28,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကော့၀န်းကျေးရွာနှင့် ပိန္နဲတောကျေးရွာများတွင် ဟိတဓရ ဖောင်ဒေးရှင်း(ခွဲ) အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားသော ယဉ်ကျေးလိမ္မာ /စမ္မစကူးလ်သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်နှင့် နေ့လည်အချိန်က အဆိုပါဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် စိုက်ပျိုးထားသောနွေစပါးများနှင့် နွေနှမ်းများအောင်မြင်ဖြစ်ထွန်း
May 28,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နွေစပါးဧက(၉၅၈)ဧကနှင့် နွေနှမ်းဧက (၇၁၄)ဧက စိုက်ပျိုးခဲ့ရာ နွေစပါးနှင့်နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းသား/သူများအား ကျောင်းအပ်နှံမှု နေ့စဉ် လက်ခံဆောင်ရွက်ပေးလျက်ရှိ
May 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်တွင် “ကျောင်းနေ အရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံ ရေးသီတင်းပတ်အဖြစ် မေလ(၂၄)ရက်မှ (၃၁)ရက်အထိ သတ်မှတ်၍ ကျောင်းအပ်လက်ခံဆောင်ရွက် ပေးလျက်ရှိရာ မေလ(၂၇)ရက်တွင် ကျောင်းသူ/သားများအား COVID-19 ကာကွယ်ရေး လမ်းညွှန်ချက် နှင့်အညီ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်နှံမှုများ ဆက်လက် လက်ခံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
ချင်းရွှေဟော်၌ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်း နှင့် ကိုင်ဆောင်သင့်သောကတ်ပြား ထုတ်ပေးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဉီးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်း နှင့် ကိုင်ဆောင်သင့်သောကတ်ပြား တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို ယမန်နေ့မှစတင်၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။