ပိုင်ကျုံ မေ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် မြို့သာယာလှပရေးအတွက် လမ်းများအား အဆင့်မြှင့်တင်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်သန်း(၂၈.၅၀၀)ဖြင့်ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းတွင် ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရှည်(၈၅၀)ပေ၊အကျယ်(၁၆)ပေ၊ ထု(၆)လက်မရှိ လမ်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေး အဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ဒေါ်သိမ့်သိမ့်မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
၎င်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မေလ ၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၉၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ အဆိုပါလမ်းပြီးစီးပါက အများပြည်သူများသွားလာမှု ပိုမိုလွယ်ကူသွားမည် ဖြစ်ကြောင်းသိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)