ချင်းရွှေဟော်၌ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်း နှင့် ကိုင်ဆောင်သင့်သောကတ်ပြား ထုတ်ပေးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချင်းရွှေဟော်  မေ    ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဉီးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်း နှင့် ကိုင်ဆောင်သင့်သောကတ်ပြား တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို ယမန်နေ့မှစတင်၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

ထိုသို့   ကွင်းဆင်းဆောင်ရွက်ရာတွင်    ချင်းရွှေဟော်မြို့  အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဉီးစီးမှူး ဉီးရှာမွေလခွန်း နှင့်ဝန်ထမ်းများက “ပန်းခင်း”စီမံချက်ဖြင့်  မွေးရာပါ နိုင်ငံသားများ နှင့်ဉပဒေအရ နိုင်ငံသားများအား ဉပဒေနှင့်အညီ အိမ်ထောင်စုလူဉီးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဉီးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအားဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဉီးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေး ခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ အတွက်   မူလဒေသတွင်   အိမ်ထောင်စုလူဉီးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊  ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင်  အိမ်ထောင်စုလူဉီးရေစာရင်း  နှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်းအိမ်ထောင်စုလူဉီးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်  ပေးခြင်းနည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

၎င်း “ပန်းခင်း”စီမံချက်ဖြင့်  အိမ်ထောင်စုလူဉီးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ် ငန်းများဆောင်ရွက်ခြင်းကို  ချင်းရွှေဟော်မြို့ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်များတွင် နေထိုင်သည့်ပြည်သူများထံသို့ အိမ်တိုင်ရာရောက်  ဆက်လက်ကွင်းဆင်း  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  ချင်းရွှေဟော်မြို့၊   လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့ဉီးစီးမှူးရုံးမှ သိရှိရသည်။ 

 

ဇင်ဇင်(ပြန်/ဆက်)