သတင်းများ

လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်
May 28,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ တောမြင်ဘာကျေးရွာနှင့် ပျဉ်းအိုင်ကျေးရွာတို့တွင် မေလ (၂၅) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ ညနေ(၃) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မြေပုံမြို့နယ်၌ လူနေအိမ် (၈) လုံး ဒီရေလှိုင်းဖြင့် မျောပါပျက်စီး
May 28,2021
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ အုန်းချောင်းအုပ်စု၊ ပြင်ဝန်း (ပိုက်ဆိပ်) ၌ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော (ယာစ်) YASS ဆိုင်ကလုန်းမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင်း ဒီရေလှိုင်များ အဆမတန်မြင့်မား၍ ပင်လယ်ကမ်းစပ်အနီးနေထိုင်သည့် တံငါသည်မိသားစုနေအိမ် (ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း) နေအိမ် (၈) လုံး ဒီရေလှိုင်း ရိုက်ပုတ်၍ ဒီရေလှိုင်းထဲ မျောပါပျက်စီးပြီး နောက်ထပ် လူနေအိမ်(၁၂)အိမ်မှာ အမိုး၊ အကာများ ပျက်စီးကြောင်း သတင်းရရှိသည်။
နိုင်ငံပိုင်ရုပ်ရှင်ရုံထားဝယ်မြို့ရှိ (ရွှေဝယ်သီရိ) ရုပ်ရှင်ရုံ၏ တာဝန်နှင့်ဝတ္ထရားလွှဲပြောင်းခြင်း စာချုပ်ချုပ်ဆိုခြင်း အခမ်းအနား ကျင်းပ
May 27,2021
နိုင်ငံပိုင်ရုပ်ရှင်ရုံထားဝယ်မြို့ရှိ(ရွှေဝယ်သီရိ)ရုပ်ရှင်ရုံ၏ တာဝန်နှင့် ဝတ္ထရားလွှဲပြောင်းခြင်း၊ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဘုရားသုံးဆူမြို့၌ တစ်နိုင်တစ်ပိုင် စီးပွားဖြစ် ငါးမွေးမြူရေး အောင်မြင်ဖြစ်ထွန်းလျက်ရှိ
May 27,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌  ကိုဗစ်- ၁၉ ကာလအတွင်း ပြည်သူများစျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက်  တစ်နိုင်တစ်ပိုင် စီးပွားဖြစ်  ငါးမွေးမြူရေး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သော ဘေးသင့်မိသားစုများအား ထောက်ပံ့ငွေပေးအပ်
May 27,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နုံးကျွံကျေးရွာအုပ်စု၊ သစ်တိုဆိပ်ကျေးရွာအုပ်စု၊ ထီပါလယ်ကျေးရွာ အုပ်စုတို့၌ မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သည့်နေ အိမ် (၃)လုံး၊ အမိုးလန်ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု ၄ စုမှ ဘေးသင့်ပြည်သူ ၁၄ ဦးအတွက် ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
ပခုက္ကူမြို့၊ အ.ထ.က(၁) ကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းလာရောက်အပ်နှံသူ ၈၁ ဦးရှိ
May 27,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ယနေ့အထိ ကျောင်းလာရောက်အပ်နှံသူ ၈၁ ဦးရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။