မော်လိုက်မြို့နယ် ကင်းတပ်ကျေးရွာတိုက်နယ်ဆေးရုံ၌ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှုတို့အား ကြည့်ရှုအားပေး
May 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကင်းတပ် ကျေးရွာရှိ တိုက်နယ်ဆေးရုံသို့ သွားရောက်၍ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ကြည့်ရှုခဲ့ကြပြီး ဆေးကုသမှုခံယူ နေသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။