သတင်းများ

လားရှိုး၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 28,2021
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက်(၉)နာရီအချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပကြောင်းသိရသည်။
နောင်ချိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
May 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများ၊ အသက် (၆၅)နှစ်အထက် ဘိုးဘွားများ၊ ပြည်သူများ၊ ဝန်ထမ်း မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို နောင်ချိုမြို့နယ် ခန်းမ၌ ထိုးနှံပေးလျက်ရှိရာ မေလ ၂၇ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၅၂၉၁ ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။
ဧရာဝတီမြစ်အတွင်း ငါးသားပေါက်ကောင်ရေ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
May 28,2021
မန္တလေးတိုင်းဒေသကြီးအတွင်း ငါးမျိုးမပြုန်းမတီးစေရေး၊ ငါးမျိုးပြန့်ပွားစေရေးနှင့် ဒေသတွင်း ငါးစားသုံးမှု ဖူလုံစေရေးတို့အတွက် နှစ်စဉ်ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်းနှင့်၃၅လမ်း(ကမ်းနားလမ်း) ဂေါဝိန်ဆိပ်အနီးတွင် ပြုလုပ်ခဲ့သည်။
မတ္တရာမြို့နယ်၌ ရွှေတချောင်းမြောင်းအတွင်းသို့ ရွှေဝါငါးကြင်းငါးမျိုး ကောင်ရေ ၁၀၀၀၀၀ စိုက်ထည့်
May 28,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ချောင်းတချောင်းမြောင်းအတွင်းသို့  ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက  အမှတ်(၅)ရပ်ကွက်ရှိ ရွှေတချောင်းမြောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။
၂၀၂၁−၂၀၂၂ ခုနှစ်၊ လုပ်ငန်းရာသီဂရန်အင်းနှင့် တင်ဒါငါးဖမ်းကွက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ
May 28,2021
၂၀၂၁−၂၀၂၂ ခုနှစ်၊ လုပ်ငန်းရာသီအတွက် မြောင်းမြခရိုင်နှင့် အိမ်မဲ၊ ဝါးခယ်မမြို့နယ် ဧရိယာအတွင်းရှိ ငါးဖမ်းကွက်များအား (ဒုတိယအကြိမ်) စျေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြောင်းမြခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်သည်။
ရွှေကျင်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့  အခမ်းအနားကျင်းပ
May 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိ်န်က အ.ထ.က (ရွှေကျင်) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club)မှ  စာဖတ်ဝိုင်းကျင်းပ
May 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀  နာရီက စာအုပ်စာစောင်  ချစ်မြတ်နိုးသူများအသင်း  (Book Club)မှ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။