လှိုင်းဘွဲမြို့နယ် ကော့၀န်းကျေးရွာနှင့် ပိန္နဲတောကျေးရွာတို့တွင် ယဉ်ကျေးလိမ္မာ/ ဓမ္မစကူးလ် သင်တန်းဆင်းပွဲ ကျင်းပ

 

           

လှိုင်းဘွဲ   မေ  ၂၈

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကော့၀န်းကျေးရွာနှင့် ပိန္နဲတောကျေးရွာများတွင်  ဟိတဓရ ဖောင်ဒေးရှင်း(ခွဲ) အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားသော ယဉ်ကျေးလိမ္မာ /စမ္မစကူးလ်သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်နှင့် နေ့လည်အချိန်က အဆိုပါဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နာမောတသသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး လှိုင်းဘွဲမြို့မကျောင်း ဆရာတော်၊ မဲဆမိတ်ကျောင်းဆရာတော်၊တောရကျောင်းဆရာတော်တို့မှ အသီးသီး ဩဝါဒစကားမိန့်ကြားခဲ့သည်။ ထို့နောက် ကျေးရွာသားတစ်ဦးက ယဉ်ကျေးလိမ္မာ/ဓမ္မစကူးလ်သင်ကြားမှုနှင့် ပတ်သက်၍ ကျေးဇူးတင် စကား ပြောကြားပြီး သင်တန်းတွင် ဆုရရှိသူများအား အသီးသီးပေးအပ် ချီးမြင့်ခဲ့သည်။

အဆိုပါသင်တန်းကို မေလ(၁၂)ရက်နေ့က စတင်ဖွင့်လှစ်ပြီ ဆရာတော် ဦးဉာဏောဘာသက ဦးဆောင်ကာ ဆရာ/မ(၅)ဦးဖြင့် (၁၅)ရက်ကြာ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်( ပြန်/ဆက်)