သတင်းများ

နတ်မောက်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းဖွင့်လှစ်
May 28,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဗိုလ်တေဇအားကစား ကွင်းနှင့် ဖူဆယ်အားကစားကွင်းတို့တွင် မေလ (၂၂) ရက်နေ့မှစတင်၍ နွေရာသီအားကစား သင်တန်း ဖွင့်လှစ်လျက်ရှိသည်။
မတ္တရာမြို့နယ် စကျင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုဖြစ်ပွား
May 28,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စကျင်ကျေးရွာ အခြေခံပညာ အထက်ကျောင်းတွင် ယမန်နေ့ည ၉နာရီ၁၀မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
May 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကလေးငယ်များ ကိုယ်လက်ကျန်းမာ ကြံ့ခိုင်သန်မာလာစေရန်အတွက် နွေရာသီ အခြေခံအားကစားသင်တန်းများကို ယမန်နေ့ကစတင် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
ကြက်ခြေနီအသင်း(အင်းစိန်)မှ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးအား ရှေးဦးပြုစု နည်းဖြင့် ကျန်းမာရေးစောင့်ရှောက်
May 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကြက်ခြေနီအသင်း(အင်းစိန်)မှ ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးအား ယမန်နေ့ ည(၈)နာရီအချိန်က ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် အေးမြသာယာအုပ်ချုပ်ရေးမှူးရုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
May 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ အမှတ်(၇) ရပ်ကွက်၊ ဧရာလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးအား ယနေ့ နံနက် ၁ နာရီ ၁၀ မိနစ် အချိန်ခန့်က မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) အခု (၂၅၀၀) အား အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
May 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရန်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး Mask Campaign ကို  ခရိုင်စီမံအုပ်ချုပ်ရေး‌မှူး ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၉) နာရီအချိန်က  လူစည်ကားရာ နေရာများဖြစ်သော ပဲခူးမြို့ဆုတောင်းပြည့် ရွှေမောဓောစေတီတော် အနောက်ဘက်မုခ်၊  ဘုရားလမ်းနှင့် သီရိဟံသာ ခန်းမရှေ့၌ (Mask) အခု (၂၅၀၀) အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု ထိန်းချုပ်နိုင်ရေး မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကွင်းဆင်းဆောင်ရွက်
May 28,2021

တနင်္သာရီမြို့နယ်၊ တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉) ဦးအထိ ရှိလာပြီဖြစ်သဖြင့် ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ Quarantine Center များကို ကြိုတင်ပြင်ဆင်ထားရှိရေးအတွက် ယမန်နေ့ မွန်းတည့်၁၂နာရီမှ ညနေ၄နာရီ အချိန်အထိ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ကိုယ်စား) မောတောင်မြို့ (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာ သီဟအောင်တို့က ကွင်းဆင်းကြည့်ရှု၍ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် လိုအပ်သည်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။