သနပ်ပင် မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီအချိန်က အထက(သနပ်ပင်) ဇီဇဝါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် သနပ်ပင်မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဇော်လင်းထက်တို့မှ အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်လက်ခံရေး စနစ်တစ်ကျစီစဉ်ဆောင်ရွက်ရေး၊ ကျောင်းနေအရွယ် ကလေးသူငယ် များ ပညာသင်ခွင့် မဆုံးရှုံးစေရန် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ ဆရာမများနှင့် မြို့နယ် ကျေးရွာ၊ အုပ်ချုပ်မှုးများ၊ ရပ်မိရပ်ဖများက အလေးထားဆောင်ရွက်ပေးရန် စသည့် အချက်အလက်များကို ရှင်း လင်းပြောကြားခဲ့သည်။
သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းကျောင်းပေါင်း(၁၂၁)ကျောင်း၊ ဘက(ကျောင်း) (၁)ကျောင်းရှိပြီး ၂၀၂၁.၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေလ ၂၄ရက်မှ မေ၃၁ ရက်ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး ကျောင်းအပ်လက်ခံသွားမည် ဖြစ်ပြီ ကျောင်းအပ်နှံရာတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုလုံးဝမရှိကြောင်းနှင့် ကျောင်းအပ်နှံ ရာတွင် ကျောင်းသုံပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း(Mask)နှင့် face Shield တို့ကို အခမဲ့ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)