ပွင့်ဖြူမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ထောက်ပံ့ပေးအပ်
May 28,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စု ၊ ကျွဲတိကျေးရွာ ၊ ကံဆွယ်ကျေးရွာအုပ်စု ၊ ရွာသာကြီး ကျေးရွာနှင့် အနောက်ကိုင်းကျေးရွာ အုပ်စု ၊ ရွာသစ်ကြီကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄)လုံး ထိခိုက်ပျက်စီးမှုအတွက် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။