ကုန်စည်ပြပွဲပြသနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး

 
မကွေး မေ ၂၈
မကွေးတိုင်းဒေသကြီးအတွင်း ထွက်ရှိသော ဒေသထွက်ကုန်ပစ္စည်းများနှင့် ပြည်ပတင်ပို့ရန် အလားအလာရှိသော ထုတ်ကုန်များအား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်လမ်းညွှန်မှုဖြင့် ကုန်စည်ပြပွဲ ပြသနိုင်ရေးအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီနှင့် ဌာနဆိုင်ရာများ အကြံပြု ပူးပေါင်းဆွေးနွေးပွဲကို ယမန်နေ့ နေလယ် ၂ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
 
ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးအောင်ချိန်က ကုန်စည်ပြပွဲ ပြသနိုင်ရေးအတွက် ပူးပေါင်းအကြံပြု ဆွေးနွေးပေးကြရန်၊ ဒေသထွက် ကုန်များအား ခေတ်မီသောထုတ်ပိုးမှုပုံစံဖြင့် ကောင်းမွန်အောင် လုပ်ဆောင်၍ One Village Product စနစ်ဖြင့် ဒေသမှ စံပြုထုတ်ကုန်တစ်မျိုးချင်းကို ဈေးကွက်ဝင်ရန်နှင့် ပြည်တွင်း/ပြည်ပ ဈေးကွက်တိုးချဲ့နိုင်ရေး ထုတ်ကုန်အမယ်သစ်များ ထွက်ပေါ်လာရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
 
ဆက်လက်ပြီး ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန တိုင်းဒေသကြီးတာဝန်ခံ ဒေါ်လှမိုးခိုင်က ဒေသ ထွက်ကုန်ပစ္စည်းများအား ကုန်စည်ပြပွဲတွင် ပါဝင်ပြသနိုင်ရေး ရှင်းလင်းဆွေးနွေးပြီး၊ တက် ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများမှ အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြ သည်။
 
အဆိုပါ ကုန်စည်ပြပွဲများကို မြန်မာ့ထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ထိုးဖေါက်နိုင်ပြီး ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများမှတဆင့် နိုင်ငံတကာကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရည်အသွေးနှင့် နည်းပညာများကို တိုးတက်မြင့်မားလာစေရန်၊နိုင်ငံတကာမှ နည်းပညာ များနှင့် နိုင်ငံတကာထွက်ကုန် ပစ္စည်းများကို လေ့လာနိုင်ပြီး၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့် နိုင်ငံတကာလုပ်ငန်းရှင်များ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်း/ပြည်ပ ပို့ကုန် /သွင်းကုန်လုပ်ငန်းများ ကုန်သွယ်မှုပိုမိုမြင့်မားလာစေပြီး အောင်မြင်ခိုင်မာသော စီးပွားရေး လုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာစေရေး ရည်ရွယ်ကာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ