စေတုတ္တရာ မေ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နွေစပါးဧက(၉၅၈)ဧကနှင့် နွေနှမ်းဧက (၇၁၄)ဧက စိုက်ပျိုးခဲ့ရာ နွေစပါးနှင့်နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ ယခုနှစ်နွေယာသီတွင် နွေစပါးစိုက်ပျိုးဧက (၉၅၈) ဧကနှင့် နွေနှမ်း စိုက်ပျိုးဧက(၇၁၄) ဧကစိုက်ပျိုးခဲ့ရာတွင် စေတုတ္တရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်များ တောင်သူများ လက်ဝယ်ရောက်ရှိရေးနှင့် GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်း တိုးရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ စိုက်ပျိုးရေးနည်းပညာပေးခြင်းများ ဆောင်ရွက် ပေးခဲ့ရာ တောင်သူများကလည်း စိတ်ဝင်တစား ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် နွေစပါးများနှင့် နွေနှမ်း များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် လာမည့် မိုးရာသီအတွက် မိုးစပါးကို (၅၄၀၁)ဧကနှင့် မိုးနှမ်းကို( ၁၂၀၂၃)ဧကကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
ခင်သန်းလှိုင်