တနင်္သာရီမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းသား/သူများအား ကျောင်းအပ်နှံမှု နေ့စဉ် လက်ခံဆောင်ရွက်ပေးလျက်ရှိ

တနင်္သာရီ မေ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်တွင် “ကျောင်းနေ အရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံ ရေးသီတင်းပတ်အဖြစ် မေလ(၂၄)ရက်မှ (၃၁)ရက်အထိ သတ်မှတ်၍ ကျောင်းအပ်လက်ခံဆောင်ရွက် ပေးလျက်ရှိရာ မေလ(၂၇)ရက်တွင် ကျောင်းသူ/သားများအား COVID-19 ကာကွယ်ရေး လမ်းညွှန်ချက် နှင့်အညီ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်နှံမှုများ ဆက်လက် လက်ခံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ကျောင်းအပ်နှံရာတွင် ကျောင်းသား/သူများထံမှ မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask၊ Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့၍ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့် တိုက်ကြေး အပါအဝင် မည်သည့်အခကြေးငွေကိုမျှ ကောက်ခံခြင်းမရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း အထက်တန်းကျောင်း   (၁၄) ကျောင်း၊ အလယ်တန်းကျောင်း (၂၂) ကျောင်း၊ မူလတန်းကျောင်း (၁၀၄) ကျောင်း၊ ဘ/ကကျောင်း (၁) ကျောင်း၊ စုစုပေါင်း(၁၄၁)ကျောင်း ရှိသည့် အနက် မေလ ၂၇ ရက်နေ့ ကျောင်းအပ်နှံမှုစာရင်းမှာ အထက်တန်းအဆင့်တွင် စာရင်းရှိကျောင်း သူ/သား (၂၉၉၁)ဦးရှိပြီး (၁၁၄)ဦး လာရောက်အပ်နှံသဖြင့် (၃.၈၁) ရာနှုန်း၊ အလယ်တန်းအဆင့်တွင် စာရင်းရှိ(၉၆၇၆) ဦးရှိပြီး (၄၄၀)ဦး လာရောက်အပ်နှံသဖြင့် (၄.၅၄) ရာနှုန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူ စာရင်းရှိ (၁၆၆၈၅)ဦးရှိပြီး ကျောင်းအပ်နှံသူ (၇၃၄) ဦးဖြစ်ရာ (၀.၁၃၉) ရာနှုန်း ဖြစ်သည်။

မြို့နယ်ချုပ် ကျောင်းသူ/သားပေါင်း (၂၉၃၅၂) ဦးရှိပြီး (၁၂၈၈)ဦးတို့အား ကျောင်းလာရောက် အပ်နှံကြ သဖြင့် (၄.၃၈) ရာနှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)