သတင်းများ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 31,2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခြေခံဝန်ထမ်း ၂၄၀ အား စားဝတ်နေရေး အဆင်ပြေစေရန် အခြေခံ စားကုန်များ ထောက်ပံ့ပေးအပ်
May 31,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခြေခံဝန်ထမ်း ၂၄၀ အား စားဝတ်နေရေး အဆင်ပြေစေရန် ယနေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါရုံးတွင် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီး အကျဉ်းထောင်စစ်ဆေး
May 31,2021
ဧရာဝတီတိုင်း‌ဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေးသည် ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေး ၊ မြို့နယ်တရားသူကြီး ဒေါ်မွန်ရည်အေး ၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဝင်းတို့နှင့်အတူ ယနေ့ နံနက်(၈)နာရီအချိန်က ဖျာပုံအကျဉ်းထောင် နှင့် ဖျာပုံမြို့မရဲစခန်း တို့အား သွားရောက်စစ်ဆေးခဲ့ပါသည်။
မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၌ ဒေသန္တရလက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား
May 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယမန်နေ့ည၇နာရီ ၄၀မိနှစ် အချိန်က မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၊ ကျွန်းတော(၂)လမ်းနေ မြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်ရှေ့ခြံစည်းရိုးအနီး၌ ဒေသန္တရလက်လုပ်ဗုံး ပေါက်ကွဲခဲ့ပြီး ကျန်(၁)လုံးမှာ ပေါက်ကွဲမှုမဖြစ်မီ တွေ့ရှိခဲ့ရကြောင်းသိရသည်။
မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် ပြောင်းစိုက်ပျိုးတောင်သူများ ဈေးကောင်းရ
May 31,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် အပူချိန် မြင့်မားပြီး အချိန်နှောင်းသလိုလို ရှိသော်လည်း စိုက်ပျိုးလိုက်သည့်အခါ ပြောင်းဖူးပင်များ အောင်မြင် ဖြစ်ထွန်းပြီး ဈေးအသင့်အတင့်ရရှိကာ စိုက်ပျိုးသူများအတွက် တွက်ခြေကိုက်သောကြောင့် ဖူးစား ပြောင်းများကို ထပ်မံစိုက်ပျိုးသူများလည်းရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။
စစ်တွေမြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်ကြီးများအား (၅)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲ ကျင်းပ
May 31,2021
စစ်တွေမြို့၊ စည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေးရဟန်းတော်များမှ ဦးဆောင်ပြီး စစ်တွေမြို့ပေါ်ရှိ သက်တော်ရှည် ဆရာတော်ကြီးများအား(၅)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စစ်တွေမြို့၊ အတုလမာရ ဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရင်ပြင်၌ ကျင်းပ သည်။
မြင်းခြံခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အထူးကောင်တာ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိ
May 31,2021
မြင်းခြံခရိုင် မြန်မာ့စီးပွားရေးဘဏ်မှ အထူးကောင်တာတစ်ခုဖွင့်လှစ်၍ ပြည်သူများ ငွေသားအပ်နှံမှု လုပ်ငန်းစဉ်များ အထူးဝန်ဆောင်မှု အစီအစဉ်တစ်ရပ်နှင့် အထူးငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ဓာတ်အားပေးစက် ပြင်ဆင်ရာမှ မီးလောင်မှုဖြစ်ပွား
May 31,2021
ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဗဟိုလမ်း နေအိမ်တစ်ဆောင်မှ အိမ်သုံးဓာတ်အားပေး စက်ပြင်ဆင်ရာမှ ဝါယာရှော့ဖြစ်ကာ ယမန်နေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။