မြောင်းမြ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယမန်နေ့ည၇နာရီ ၄၀မိနှစ် အချိန်က မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၊ ကျွန်းတော(၂)လမ်းနေ မြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်ရှေ့ခြံစည်းရိုးအနီး၌ ဒေသန္တရလက်လုပ်ဗုံး ပေါက်ကွဲခဲ့ပြီး ကျန်(၁)လုံးမှာ ပေါက်ကွဲမှုမဖြစ်မီ တွေ့ရှိခဲ့ရကြောင်းသိရသည်။
အဆိုပါ သတင်းအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင ်ဗိုလ်မှူးအုန်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဌေးဦးစီးသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံစည်းရိုးအပြင်ဘက်တွင် ရပ်ထားသော မော်တော် ဆိုင်ကယ် ဝဲဘက်ကာဘာဘေးခြမ်း ထိခိုက်မှုဖြစ်ပွားခဲ့ကြောင် လူနှင့်တိရိစ္ဆာန် ထိခိုက်မှု မရှိကြောင်းသိရသည်။
ဒေသန္တရလက်လုပ်ဗုံးအားစိစစ်ခဲ့ရာ အရှည်(၇)လက်မ၊ အချင်း(၂)လက်မခန့်ရှိလက်လုပ်ဗုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျန်(၁)လုံးမှာ ပေါက်ကွဲမှုမဖြစ်ပွားမီ တွေ့ရှိရသဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
(ခရိုင်ပြန်/ဆက်)