သတင်းများ

သန်လျင်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 30,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သန်လျင် မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သူဌေးကွင်းကျေးရွာ ဘုရားကြီးကျောင်း၌ ကျင်းပသည်။
မိုင်းဆတ်မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
May 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့မဈေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့မဈေးတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်းဘူးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 30,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က မင်းဘူးမြို့ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကော့သောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အထက(၁) ကော့သောင်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးတင်ဦး လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 30,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် မေ ၃၀ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် သီးနှံများ တစ်လကြာသည်အထိ နောက်မိုးမရွာသဖြင့် အချို့တောင်သူများ သီးနှံပြန်ကြဲရန်အတွက် မုတ်သုန်မိုးအရွာကိုစောင့်မျှော်နေ
May 30,2021
မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်တွင် သင်္ကြန်ကာလပြီး ရွာသွန်းခဲ့သည့် မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့ကြ သည့် မြေပဲ၊နှမ်းတောင်သူများ၊ တစ်လကြာသည်အထိ နောက်မိုးလိုက်မလာသဖြင့် စိုက်ပျိုးပြီးတောင်သူအချို့ သီးနှံပြန်ကြဲ ရန်နှင့်မစိုက်ရသေးသူတောင်သူများလည်း စတင်စိုက်ပျိုးရန် မုတ်သုန်မိုးအရွာကို မျှော်လင့်နေကြကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲပြုလုပ်
May 30,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူး တိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ် အနောက် ဘက်ကမ်း ၊ တာမိုင် ၂၃/၂ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။