သတင်းများ

ဘိုကလေးမြို့နယ် ရှေးဟောင်းသမိုင်းဝင်မြစိမ်းရောင်ဘုရားကြီး ရှေ့မျက်နှာစာအား ကွန်ကရစ်ခင်းကျင်းခြင်းနှင့် ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်
May 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်မြစိမ်းရောင် ဘုရားကြီးအရှေ့ မျက်နှာစာအား မြစိမ်းရောင်ဘုရားကြီးဂေါပကအဖွဲ့မှ ဦးဆောင်၍ စေတနာရှင် များနှင့် အတူပူးပေါင်းကာ ကွန်ကရစ်ခင်းကျင်းခြင်းနှင့် ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းအား ဆောင်ရွက်လျက်ရှိသည်။
ဘိုကလေးမြို့မရဲစခန်းမှ အချုပ်ခန်းအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး စစ်ဆေး
May 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မရဲစခန်းရှိ အချုပ်ခန်းအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနှင့်အဖွဲ့မှ ယနေ့နေ့လည်(၁)နာရီတွင် ကြည့်ရှုလှည့်လည်စစ်ဆေးခဲ့သည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက်လမ်းများပေါ်ရှိ တံတားများအား အသစ်တည်ဆောက် ပေးလျက်ရှိ
May 31,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျီးပြ-ကောင်းတင် ကျေးရွာချင်းဆက်လမ်းပေါ်၌ လိုအပ်လျက်ရှိသော Box Culvert တံတားအသစ် (၇)စင်း ဆောက်လုပ် ပေးလျက်ရှိကြောင်း သိရသည်။
ကျီခါးမြို့၌ ကိုဗစ်-၁၉ ရောဂါဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံး
May 31,2021
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၌ ယမန်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မအူပင်မြို့တွင်မိုးစပါးရာသီ မျိုးစပါးစိုက်တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲဆောင်ရွက်
May 31,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊မအူပင်မြို့နယ်တွင်၂၀၂၁ ခုနှစ် မိုးစပါးရာသီ မျိုးစပါး စိုက်တောင်သူများအားနည်းပညာပေးဆွေးနွေးပွဲကို ငါးကြီးဂရက်ကျေးရွာ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာတွင်ယမန်နေ့ နံနက် ၁၀နာရီက ကျင်းပ ပြုလုပ်သည်။
သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 31,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ရာ ဗိုလ်မှူးချုပ်ကျော်ကျော်ဦး ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက် ကြကြောင်းသိရသည်။
နွေရာသီ ရေရှားပါးသည့် ရပ်ကွက်အချို့ ရေရရှိရေးဆောင်ရွက်
May 31,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် အပိုင်း(၃)၌ ယနေ့ နံနက်(၁၀) နာရီက နွေရာသီ နေပူချိန်မြင့်မားမှုကြောင့် သောက်ရေ /သုံးရေ ပြတ်လပ်နေသည့် ဘုန်းတော်ကြီးကျောင်း များနှင့် အိမ်ထောင်စုဝင် များအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရေရရှိရေး ဝိုင်းဝန်းကြိုးပမ်းခဲ့ဆောင်ရွက်ခဲ့ ကြသည်။
ပန်းတနော်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်း အသိပညာပေး ဆွေးနွေး
May 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။