သတင်းများ

တာချီလိတ်မြို့ အရှေ့မြို့ပတ်လမ်းတွင် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်
May 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အရှေ့မြို့ပတ်လမ်းတွင် စည်ပင်သာယာရေးဌာနမှ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကိုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးများ ဆောင်ရွက်
May 31,2021

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထကကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ကျောင်း ပတ်ဝန်းကျင်သာယာလှပရေးအတွက် ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးကို ကျောင်းဆရာ/မများနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

တပ်ကုန်းမြို့၌ အမှိုက်ကင်းစင်ရေးအတွက် အမှိုက်ပုံးများပေးအပ်
May 31,2021
  နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် တစ်မြို့နယ်လုံး စိမ်းလန်းစိုပြေရေးနှင့်အမှိုက်ကင်းစင်ရေး( One State One Township Project  )အတွက် အမှိုက်ပုံးများပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တာမွေမြို့နယ်တွင် "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
May 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိ ဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေ ရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စီစဉ် ကျင်းပသော
ရေနံချောင်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 31,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရေနံချောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကျင်းပရာ ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်က တက်ရောက်အမှားစကား ပြောကြားသည်။
ကျိုင်းတုံမြို့တွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ
May 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ရပ်တော်မူဘုရားကြီး အရုဏ်ခံတန်ဆောင်းတွင် ကျင်းပပြုလုပ်သည်။
ကော့ကရိတ်မြို့၌ ရာသီစာဖြစ်သည့် အင်ဥများရောင်းချရာတွင် စျေးကောင်းရရှိ
May 31,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ရှိ ကမ္မရာ၊ ဆိတ်ဖူးကုန်းနှင့် တံတားကျိုး ကျေးရွာတို့တွင် ထွက်ရှိသော ရာသီစာဖြစ်သည့် အင်ဥများ စျေ ကောင်းရရှိသည့်အတွက် ကော့ကရိတ်မြို့မဈေးတွင် ခင်းကျင်းရောင်းချသူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်
May 31,2021
မိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။