သတင်းများ

တာဝန်သိစွာဖြင့် မီငြှိမ်းသတ်ခဲ့သော စျေးစည်ပင်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်
May 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မစျေး မီးရှို့မှုဖြစ်ပေါ်ရာတွင် တာဝန်သိစွာဖြင့် မီးငြှိမ်းသတ်ခဲ့သော စျေးစည်ပင်ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က မြို့မစည်ပင်သာယာစျေး ကော်မတီအဖွဲ့ ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် လုံဟောရွာဝင်လမ်း ဇာဟောချောင်းကူး လူကူးကြိုးတံတားထိပ် မှစတင်ကာ ကွန်ကရစ်လမ်းခင်း
May 30,2021
ဂန့်ဂေါမြို့နယ် ဇာဟောကျေးရွာနှင့် လုံဟောကျေးရွာကူး ဇာဟောချောင်းကူး လူကူးကြိုးတံတားထိပ်မှ စတင်ကာ ရွာဝင်လမ်း၌ စေတနာရှင်တစ်ဦး၏ လှူဒါန်းငွေကို မတည်ကာ ရွာဦးကျောင်းဆရာတော်၏ ဦးဆောင် မှုဖြင့် ကျေးရွာနေပြည်သူများ စုပေါင်းလျက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
ခေါဇာမြို့ ရပ်ကွက်(၂)၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်
May 30,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၊ ရပ်ကွက်(၂)အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယနေ့ ရက်နံနက်ပိုင်းက ခေါဇာမြို့ကျောင်းသစ် ဘုန်းတော်ကြီးကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ မြို့ဈေး၌မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြဆောင်ရွက်ခြင်းပြုလုပ်
May 30,2021
ရခိုင်ပြည်နယ်၊ ရသေ့ တောင်မြို့ မြို့မဈေးကြီး၌၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့်၊ မီးလောင်မှုဖြစ်ပွားပါက အလျင်အမြန်မီးငြိမ်းသတ်နိုင် စေရန်အတွက် ရသေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးသိန်းမောင် နှင့်ရ​သေ့တောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ရ​​​​သေ့တောင်မြို့နယ်မီးသတ်တပ်ဖွဲ့ တို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီ အချိန်က မီးငြိမ်းသတ်ရေးနှင့် ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ညောင်ဦးမြို့နယ် နဖူးပြားတဲတိုက်သို့ သောက်သုံးရေထည့်ရန် ရေဂါလံ ၅၀၀၀ ဆံ့ ရေအုတ်ကန်လှူဒါန်း
May 30,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကံကျဲကျေးရွာ (နဖူးပြားတဲတိုက်)သို့ သောက်သုံးရေထည့် သိုလှောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဒေါက်တာ ထွန်းလွင်ဦး မိသားစုက သောက်သုံးရေရှားပါးသည့် ကန်ကျဲကျေးရွာအတွက် ယခုလအတွင်း ရေဂါလံ ၅၀၀၀ ဆံ့ အုတ်ကန် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
လဟယ်မြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအသုတ်ထိုးနှံ
May 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီမှညနေ(၄)နာရီ အထိ လဟယ်မြို့အထက်တန်းကျောင်းသီတဂူကျောင်းဆောင်၌ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
မြင်းခြံမြို့တွင် အမှတ် (၁) ရပ်ကွက်ရှိ တပ်ကုန်းဘုန်းကြီးကျောင်း မြောက်ဘက်လမ်းတွင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
May 30,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁) ရပ်ကွက်ရှိ တပ်ကုန်းဘုန်းကြီးကျောင်း မြောက်ဘက်လမ်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 30,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သုံးခွမြို့နယ် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကံမြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ကျင်းပကြောင်း သိရသည်။