သတင်းများ

ငဖဲမြို့၌ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများတွေ့ဆုံ ဆွေးနွေး
May 31,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
ကျောက်ထုမြို့တွင် ဆောင်းမြေပဲများ နှုတ်ချွေ
May 31,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ လယ်ယာမြေများတွင် မိုးစပါးအပြီး၌ စိုက်ပျိုး ကြသည့် ဆောင်းမြေပဲများ နှုတ်ချွေနေကြပြီဖြစ်ကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အများပြည်သူ စိတ်လက်အပန်းဖြေနိုင်စေရေး ကမ္ဘောဇသာဒီနန်း တော် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
May 31,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယနေ့ နံနက်ပိုင်းက အများပြည်သူ စိတ်လက် အပန်းဖြေနိုင်စေရေး ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ရေသွင်းနှမ်းများ အောင်မြင်ဖြစ်ထွန်း နှုတ်သိမ်းချိန် ဈေးကောင်းရရန် ရေသွင်းနှမ်းစိုက် တောင်သူများ မျှော်လင့် ‌
May 31,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် နွေနှမ်းစိုက်ပျိုးမှုကို မြေအောက်ရေအသုံးပြု၍ ရေသွင်း စိုက်ပျိုးကြရာ နှမ်းများအောင်မြင်ဖြစ်ထွန်းပြီး နှမ်းနှုတ်သိမ်းရောင်းချချိန် ဈေးကောင်းရရန် ရေသွင်းနှမ်း စိုက်ပျိုး တောင်သူများ မျှော်လင့်နေကြကြောင်း တောင်သူ ဦးဝင်းတင့်ထံက သိရသည်။
ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ရေပေးရေးနှင့် ကုန်ထုတ်လမ်း လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
May 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ရေပေးရေးနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ ကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 31,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို‌ ယနေ့ နေ့လယ်(၁)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ပန်းခင်းစီမံချက်ဆောင်ရွက်ထားသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများနှင့် လူဦးရေနှင့်အိမ်ထောင်စုစာရင်း ပေးအပ်ပွဲကျင်းပ
May 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်၌ ၃- ၅-၂၀၂၁ မှ ၃၀-၅ -၂၀၂၁ ရက်နေ့အထိ " ပန်းခင်း "စီမံချက်ဖြင့် ဆောင်ရွက်ထားရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဧရာရွှေဝါ ခန်းမ၌ ကျင်းပသည်။