သတင်းများ

ကြာအင်းဆိပ်ကြီးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 31,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
May 31,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို မြဝတီမြို့၊ အမှတ်(၁၀၂၂)နယ်ခြားစောင့်တပ်ရှိ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ညှိနှိုင်းဆွေးနွေး
May 31,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် ယနေ့နံနက် ၁၀ နာရီက တွေ့ဆုံ၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ
May 31,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို မေလ ၃၁ ရက်၊ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပသည်။
ဗန်းမော်မြို့တွင် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းဆောင်ရွက်
May 31,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနသည် ဗန်းမော်ခရိုင်အတွင်း၌ ငါးသယံဇာတများ ရေရှည် စဉ်ဆက်မပျက် ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ် စားသောက်နိုင်စေရေးနှင့် ပြည်သူလူထုများ ငါးစားသုံးမှု ပိုမိုမြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ဧရာဝတီမြစ် အတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ မြို့မရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ သစ်တောဦးစီးဌာနမှ ပျိုးပင်များပျိုးထောင်ထားရှိ
May 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ သစ်တောဦးစီးဌာနမှ သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိုးရာသီတွင် လူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ယာယီ သစ်တောပျိုးဥယျာဉ် တွင် ပျိုးပင်ပေါင်း(၁၀၀၀၀)ကို ပျိုးထောင်ထားရှိကြောင်းသိရှိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး မိဘပြည်သူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ
May 31,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏စီမံဆောင်ရွက်မှုဖြင့် ရဟန်းသံဃာတော်များ ဘာသာရေးအသင်းအဖွဲ့များ နိုင်ငံ့ဝန်ထမ်းများနှင့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၊ပိတောက်လမ်းတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
May 31,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ(၁၆.၄၇၀)ကျပ်သန်းဖြင့် ပိတောက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။