မိတ္ထီလာ မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခြေခံဝန်ထမ်း ၂၄၀ အား စားဝတ်နေရေး အဆင်ပြေစေရန် ယနေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါရုံးတွင် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခြေခံဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလ အတွင်း တစ်ဖက်တစ်လှမ်းမှ စားဝတ်နေရေးအတွက် အထောက်အကူပြုစေရန် အခြေခံစားသောက် ကုန်များကို ထောက်ပံ့လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ယခုလို အခြေခံဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရန် လစဉ် ထောက်ပံ့ လှူဒါန်းရှိကြောင်း ခေတ္တအမှုဆောင်အရာရှိ ဦးမျိုးထက်ဇော် ထံမှ သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ စျေးနှင့် သားသတ် ဌာနစိတ်၊ သန့်ရှင်းရေးဌာနစိတ်၊ ရေပေးရေးဌာနစိတ်၊ ပန်းခြံဌာနစိတ်၊ အခွန်ဌာနစိတ်၊ စည်ကမ်းထိန်း ဌာနစိတ်များမှ အခြေခံဝန်ထမ်း(၂၄၀)ဦးအား အာလူး၊ ငါးပိ၊ ကြာဆံ၊ ကြက်ဥ စသည့် အခြေခံ စားကုန်များကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ခေတ္တအမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့် တာဝန်ရှိသူများက ပေးအပ် ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်၊ ခရိုင်(ပြန်/ဆက်)