ရှမ်းရွာသစ် မေ ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ သစ်တောဦးစီးဌာနမှ သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိုးရာသီတွင် လူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ယာယီ သစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၁၀၀၀၀)ကို ပျိုးထောင်ထားရှိကြောင်းသိရှိရသည်။
ရှမ်းရွာသစ်မြို့ သစ်တောဦးစီးဌာန၏ ယာယီပျိုးဥယျာဉ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အတွက် မန်ဂျန်ရှားပင်(၅၀၀၀)ပင်နှင့် ပျဉ်းကတိုးပင်(၅၀၀၀)ပင် စုစုပေါင်း(၁၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိပြီးရာသီ ဥတုပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင် များတစ်နိုင်တစ်ပိုင် စိုက်ပျိူးပြုစုထိန်းသိမ်း သွားစေလိုကြောင်း မြို့သစ်တောဦးစီးဌာနမှ သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)