ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး မိဘပြည်သူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး   မေ  ၃၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏စီမံဆောင်ရွက်မှုဖြင့် ရဟန်းသံဃာတော်များ ဘာသာရေးအသင်းအဖွဲ့များ နိုင်ငံ့ဝန်ထမ်းများနှင့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများကို ရဟန်းသံဃာတော်များ နိုင်ငံ့ဝန်ထမ်းများနှင့် မိဘပြည်သူများ အား မေလ ၃ ရက်နေ့တွင် ဒုတိယအကြိမ်ထိုးနှံပေးခဲ့ပြီး ဧပြီလအတွင်း၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့သော မိဘပြည်သူများကို ဒုတိယအကြိမ်အဖြင့် မေလ ၃၁ ရက်နေ့ ယနေ့နံနက်ပိုင်းမှစတင်ကာ ဇွန်လ ၃ ရက်နေ့အထိ မြို့နယ်ဇမိခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းလမ်းညွှန် ကြားချက်များ နှင့်အညီ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား အရာရှိဆရာဝန် များနှင့် တပ်မတော်သားသူနာပြုများမှ အနီးကပ် ကြီးကြပ်ပြီး ထိုးနှံဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာများမှ ကာကွယ်ဆေး ထိုးနှံခွင့်ရှိသူ မိဘပြည်သူများအား ဆင်လက်ထိုးနှံနိုင်ရေးအတွက် စီမံဆောင်ရွက်ထားပြီး ကာကွယ်ဆေးရရှိလာမှု အပေါ်မူတည်ပြီး အလှည့်ကျစနစ်ဖြင့် ဆက်လက်ထိုးနှံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး