ကျိုက်ဒုံ မေ ၃၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ(၁၆.၄၇၀)ကျပ်သန်းဖြင့် ပိတောက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက် ပိတောက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လမ်းပေ အရှည် (၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ (၃)လက်မထုရှိပြီး ဒေသနေ ပြည်သူများ ရာသီမရွေး သွားလာနိုင်စေရေးအတွက် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)