သတင်းများ

ကြာအင်းဆိပ်ကြီးမြို့နယ်၌ သံပုရာသီးဈေးနှုန်းကျဆင်းလျက်ရှိ
Jun 02,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သံပုရာပင်များစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်သံပုရာသီးများစွာထွက်ရှိကာ နွေရာသီကာလတွင် သံပုရာသီးဈေးနှုန်းကောင်းစွာရရှိသော်လည်း မိုးရာသီတွင် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 02,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများ ယမန်နေ့နံနက် (၈)နာရီခွဲတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာဦးစီး ဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ယနေ့ နံနက်ပိုင်းမှ စ၍ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်
Jun 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပန်းခင်းစီမံချက်အ ကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
ငပုတောမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများဖွင့်လှစ်နေမှုများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှလိုက်လံစစ်ဆေး
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုအခြေအနေ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက်၁၀နာရီတွင် လိုက်လံကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ယနေ့နံနက်မှစတင်၍ ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့စာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲကို ရဟန်းသံဃာနှင့်သီလရှင် ၃၀၁ ပါး ဝင်ရောက် ဖြေဆို
Jun 01,2021
၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို စစ်တွေမြို့၊ လောကာနန္ဒာစေတီ တော်ပုရဝုဏ် အတွင်းရှိ သာသနာ့ ဗိမာန်တော်၌ ယနေ့နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပလျှက်ရှိရာ စာဖြေသံဃာနှင့် သီလရှင် ၃၀၁ ပါးဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ရေနံချောင်းမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့စတင်ကျင်းပ
Jun 01,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိ ယနှင့် ပါဠိပထမပြန်စာမေးပွဲကို ခရစ်နှစ် ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်(မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကဆုန်လပြည့် ကျော် ၇ ရက်)ယနေ့ မွန်းတည့် ၁၂ နာရီက ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက် ရုံးရပ်ရှိ သဒ္ဓသုခီ ရာပြည့် သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပသည်။