မိုင်းပျဉ်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်များထောက်ပံ့ပေးအပ်
Jun 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယသုံးလပတ်လူမှုရေးပင်စင်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက တာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အောက်စျေးတန်းရပ်ကွက် ရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။