ရေနံချောင်း ဇွန် ၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိ ယနှင့် ပါဠိပထမပြန်စာမေးပွဲကို ခရစ်နှစ် ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်(မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကဆုန်လပြည့် ကျော် ၇ ရက်)ယနေ့ မွန်းတည့် ၁၂ နာရီက ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက် ရုံးရပ်ရှိ သဒ္ဓသုခီ ရာပြည့် သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပသည်။
ရေနံချောင်းမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ ပါရာဇိကကဏ္ဍပါဠိအဌကထာ ကျမ်းရင်း(၁) ဖြေဆိုသည့်နေ့တွင် စာရင်းသွင်းသံဃာ ၅၅ ပါးအနက် ရဟန်း ၁၈ ပါး၊ သာမဏေ ၁ ပါး၊ သီလရှင် ၃ ပါး စုစုပေါင်း ၂၂ ပါး ကြွရောက်ဖြေဆိုခဲ့သည်။ အဆိုပါအစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၁ ရက်မှ ၁၃ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးမှူး ဦးမင်းလွင်ဦးထံမှ သိရသည်။
အဆိုပါစာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းဆောင် ရွက်ခဲ့ပြီး ရေနံချောင်းမြို့နယ် ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော် ဆောင်များနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးသူအောင်