သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မိုးစပါး GAP စနစ်ဖြင့် စိုက်ပျိုးရန် မြေနမူနာ ယူခြင်း ကွင်းဆင်းဆောင်ရွက်
Jun 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး GAP စနစ်ဖြင့် စိုက်ပျိုး‌ရေးအတွက် ထန်ပါခွေမြို့နှင့် လန်းနောက်ကျေးရွာ၌ မြေနမူနာယူခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၅) ဘားအံမြို့နယ်ရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မှု အခြေအနေများအား သွားရောက်ကြည့်ရှု
Jun 01,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၅) ဦးဇော်ဝင်းသည် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသားများ ကြိုဆိုလက်ခံမှု အား နှစ်ပတ်ယာယီရပ်ဆိုင်း
Jun 01,2021
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ ကြိုဆိုလက်ခံပေးလျက်ရှိရာ ယနေ့ ဇွန်လ ၁ ရက်နေ့မှစပြီး ကြိုဆိုလက်ခံပေးမှုအား နှစ်ပတ် ယာယရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မဘိမ်းမြို့၌ ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့တွင် စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ ဇွန်လ (၁) ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအသီးသီး၌ ကျောင်းများစတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး
Jun 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား ယနေ့ နံနက် (၉)နာရီခွဲ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 01,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ယနေ့နံနက် ၈ နာရီခွဲတွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
တနိုင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့နံနက်(၈)နာရီခွဲမှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။