စစ်တွေ ဇွန် ၁
၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို စစ်တွေမြို့၊ လောကာနန္ဒာစေတီ တော်ပုရဝုဏ် အတွင်းရှိ သာသနာ့ ဗိမာန်တော်၌ ယနေ့နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပလျှက်ရှိရာ စာဖြေသံဃာနှင့် သီလရှင် ၃၀၁ ပါးဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ရခိုင်ပြည်နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲကို စစ်တွေစာဖြေဌာနနှင့် ကျောက်ဖြူ စာဖြေဌာန နှစ်ခုတွင် စာဖြေရဟန်းသံဃာနှင့်သီလရှင်ဆရာလေးများ ဝင်ရောက်ဖြေဆို လျက်ရှိကြောင်းသိရသည်။ စစ်တွေစာဖြေ ဌာနတွင် ရဟန်းသံဃာနှင့်သီလရှင် ၃၄၃ ပါးစာမေးပွဲ ဖြေဆိုရန်အတွက် စာရင်းသွင်းထားပြီး ၃၀၁ ပါးဝင် ရောက်ဖြေဆိုလျက်ရှိသည်။ အစိုးရဓမ္မာစရိယစာမေးပွဲကို ဖြေဆိုကြ သည့် ရဟန်းသံဃာများနှင့် သီလရှင် များသည် ကျမ်းရင်း ပါရာဇိကကဏ္ဍပါဠိ+ အဌအကထာကိုနှစ် ရက်၊ ကျမ်းရင်း သီလခန္ဓာဝဂ္ဂပါဠိ+အဌကထာကို နှစ်ရက်နှင့် ကျမ်းရင်းဓမ္မ သင်္ဂဏီပါဠိ+ အဌကထာ ကိုနှစ်ရက်စီဖြေဆိုသွားရမည်ဖြစ်သည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲကို စစ်တွေစာဖြေဌာနတွင် ဇွန်လ ၁ ရက်နေ့မှ ၆ ရက်နေ့ထိ ရဟန်းသံဃာ များနှင့်သီလရှင်များက ဖြေဆိုကြမည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း