သတင်းများ

ဘိုကလေးမြို့နယ်အခြေစိုက် ဧရာဝတီဒေါက်တာ နယ်လှည့်ရေပေါ်ဆေးခန်းတွင် အခမဲ့ဆေးဝါးကုသပေးမည်
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဖျာပုံ-ဘိုကလေးကားလမ်း၊ နတ်ချောင်းတံတားအနီးတွင် ဖွင့်လှစ်ထားရှိသည့် ဘိုကလေးမြို့နယ်အခြေစိုက် ဧရာဝတီ ဒေါက်တာ နယ်လှည့်ရေပေါ်ဆေးခန်းတွင် ဘိုကလေးမြို့နယ်အတွင်းမှ ကျန်းမာရေး စောင့်ရှောက်မှု ခံယူလိုသည့်မိဘပြည်သူများအား ယနေ့ ဇွန်(၁)ရက်နေ့မှ စတင်၍ ဇွန်(၁၀)ရက်နေ့ထိ (၁၀)ရက်ကြာ အခမဲ့ဆေးကုသ ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။
Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအား ဒဏ်ရိုက်စနစ်ဖြင့်အရေးယူ
Jun 01,2021
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ ခုနှစ် ယနေ့နံနက် ၈ နာရီအချိန် ဗိုလ်ချုပ်လမ်းဆုံ၌ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအား ဒဏ်ရိုက်စနစ်ဖြင့် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြသည်။
ကော့ကရိတ်မြို့နယ်၌ ၂၀၂၁-၂၀၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေး အတွက် အခြေခံပညာကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံခဲ့ပြီး ဇွန်လ ၁ ရက်နေ့ နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နေပြီဖြစ်ကြောင်း သိရသည်။
မြိုင်ကြီးငူအထူးဒေသရှိ နေရပ်စွန့်ခွာ ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်
Jun 01,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသရှိ ပြည်တွင်းနေရပ်စွန့်ခွာ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
တပ်ကုန်းမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊သံဃာ၊သီလရှင်ပေါင်း (၁၆၀)ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်ဖြေဆို
Jun 01,2021
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲအတွက် ဆရာစံရပ်ကွက်၊ မဟာဇနကကျောင်းတိုက်ရှိ မဟာဇနကဗိမာန်တော်နှင့် မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်တို့ တွင် စာဖြေဌာနဖွင့်လှစ်ကာ ယနေ့မွန်းတည့် ၁၂နာရီ က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရဟန်း၊ သံဃာ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်တို့ စတင်ဖြေဆိုကြောင်း သိရ သည်။
ဘူးသီး‌တောင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်
Jun 01,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီး‌တောင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး စည်းကမ်းချက်နှင့် အညီ ယနေ့ နံနက်(၉)နာရီ(ခွဲ)အချိန်မှစ၍ ပုံမှန်စာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်လျက် ရှိကြောင်းသိရှိရသည်။
ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 01,2021
ကျောက်ဖြူခရိုင်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့၊ နေ့လည် နံနက်(၁) နာရီအချိန်က ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုး သူများအသင်း ကျောက်ဖြူ (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော "နှလုံးသား ကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် တတိယအကြိမ် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။