ကြာအင်းဆိပ်ကြီး ဇွန် ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သံပုရာပင်များစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်သံပုရာသီးများစွာထွက်ရှိကာ နွေရာသီကာလတွင် သံပုရာသီးဈေးနှုန်းကောင်းစွာရရှိသော်လည်း မိုးရာသီတွင် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
ယခင်နှစ်များတွင်သံပုရာသီးဈေးနှုန်းမှာ မိုးရာသီတွင် သံပုရာသီးတစ်လုံးလျှင် ငွေကျပ်(၃) ကျပ်ခန့်သာရရှိသော်လည်း နွေရာသီတွင် သံပုရာသီးတစ်လုံးလျှင် ငွေကျပ်(၇၀)ကျပ်မှ (၁၀၀)ကျပ်အထိရရှိပြီး ယခုနှစ်၌ သံပုရာသီးတစ်လုံးကို ငွေကျပ်(၅)ကျပ်ခန့်သာရရှိပြီး ဈေးနှုန်းကျဆင်းမှုကြောင့် သံပုရာခြံ စိုက်ပျိုးတောင်သူများအနေဖြင့် ခူးဆွတ်ရောင်းချမှု နည်းပါးလာကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ သံပုရာပင်စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများစွာရှိပြီး သံပုရာပင်စိုက်ပျိုးဧကမှာလည်း ဧကတစ်သောင်းဝန်းကျင်ခန့်ရှိပြီး ထွက်ရှိသည့်သံပုရာသီး များကို အဝယ်ဒိုင်းများမှတဆင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့သို့ သယ်ဆောင် ကာ ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရသည်။
မျိုးမင်းဦး