တောင်သာမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

တောင်သာ ဇွန် ၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်းကျောင်း၊  အလယ်တန်းကျောင်း၊  မူလတန်းကျောင်းများ ယမန်နေ့နံနက် (၈)နာရီခွဲတွင် စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား၊ကျောင်းသူများအား  ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ အခြေခံပညာကျောင်းများရှိ ဆရာ၊ဆရာမများမှဆောင်ရွက်

လျက်ရှိပြီးတောင်သာမြို့နယ်အတွင်း  အခြေခံပညာအထက်တန်းကျောင်း(၁၆)ကျောင်း၊  အခြေခံပညာ အထက် တန်း ကျောင်းခွဲ(၃၁)ကျောင်း၊အလယ်တန်းကျောင်း(၂၅)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၀) ကျောင်း၊ မူလွန်ကျောင်း(၃၀)ကျောင်း၊ မူလတန်းကျောင်း(၉၈)ကျောင်း၊ မူလတန်းကျောင်းခွဲ(၃)ကျောင်း စုစုပေါင်း (၂၁၃) ကျောင်းရှိပြီးကျောင်းသား၊ကျောင်းသူများအေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)